25 C
Yangon

နတ်မောက်-ပျော်ဘွယ် လမ်းပိုင်းတွင် စစ်ဆေးရေး လုပ်ဆောင်နေသော PDF များနှင့် စစ်ကားတို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ် လမ်းပိုင်းတွင် စစ်ဆေးရေး လုပ်ဆောင်နေသော PDF များနှင့် စစ်ကားတို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ အဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်-ပျော်ဘွယ် လမ်းပိုင်းရှိ ဥယျာဉ်လမ်းပေါက်အနီးတွင် လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေသော PDF များနှင့် စစ်ကား တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စိုင်ကောင်းကနေ ရွာတော်ဘက်ကို ညဘက်ကင်းချိန်း လာတဲ့ စစ်ကားလို့သိရတယ်။ စစ်ခွေးတွေက ဖောကားနဲ့ လာတာပါ။ အင်အား ခန့်မှန်းခြေ ၁၅ ဦးဝန်းကျင်ပါတယ်လို့ သိရတယ်။ စစ်ခွေးကားက ညဘက် ၁၀ နာရီခွဲအချိန် အမှောင်ထဲမှာဆိုတော့ ကျွန်တော် ဘက်ကလည်း လမ်းဘေးကနေ နေရာယူပြီးပစ်တာဆိုတော့ စစ်ခွေး ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ်။ စစ်ခွေး သေစာရင်း အတိအကျ ကျွန်တော်တို မသိရှိရသေးဘူး။ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ရပ်သွားပြီး ဝိုင်းပစ်တော့ အဲ့မှာ စစ်ခွေးတွေက မောင်းပြေးသွားကြတာ ထိတွေ့တိုက်ပွဲဖြစ်တာတော့ ၁၀ မိနစ်ခန့် လောက်ကြာတယ်။ ခွေးကားက မောင်းပြေးပြီးတော့ အဝေးရောက်မှ ပြန်ပစ်တာ ကျွန်တော်တို့ဘက်က ရဲဘော်တွေတော့ အထိခိုက်မရှိဘူး” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ အဆိပ်သီး ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Aung San`s Land အဖွဲ့နှင့် နတ်မောက်ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကားသည် မောင်းပြေးသွားကြောင့် စစ်သားများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပကဖ တာဝန်ခံ အဆိပ်သီး က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article