24 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒမဲပေးနိုင်သော Websiteတွင် ၄ ရက်အတွင်း ဆန္ဒမဲပေါင်း ၈ သိန်းနီးပါးရရှိထားပြီး မဲ ၁ သန်းခွဲကျော်ရေး ပြည်သူများ ဆက်လက်ပါဝင်ရန် ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒမဲပေးနိုင်သော Website တွင် ၄ ရက်အတွင်း ဆန္ဒမဲပေါင်း ၈ သိန်းနီးပါးရရှိထားပြီး မဲ ၁ သန်းကျော်ရေး ပြည်သူများ ဆက်လက်ပါဝင်ရန် လိုအပ်နေသေးကြောင်း အဆိုပါ Website ကို ဖန်တီးလိုက်သည့် နယ်စပ်အခြေစိုက် တော်လှန်ရေးအင်အားစုမှ ရဲဘော်ကျော်ကြီး က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒမဲပေးနိုင်သော Website ကို လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ Website တွင် လုံခြုံစွာ ဆန္ဒထုတ်နိုင်ကြောင်း၊ အဆိုပါ Website ဖြစ်သော https://mm-sham-elections.vercel.app သို့ ဝင်ရာက်မဲပေးနိုင်သည့်အပြင် မိမိခံစားချက် အမြင်များကိုလည်း လွတ်လပ်စွာ ရေးသားနိုင်ကြောင်း၊ ယင်းWebsite သို့ ဝင်ရောက် မဲပေးခြင်းနှင့် မှတ်ချက် ရေးသားခြင်းတို့အတွက် ပြည်သူများ၏ လုံခြုံရေးအတွက် အထူး ဆောင်ရွက်ထားကြောင်း သိရှိရသည်။

“ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲ့ဒီနေ့မှာ ဆန့်ကျင်မဲ တစ်သန်းခွဲပြည့်ဖို့ မျှော်မှန်းထားပါတယ်။ ကျနော်တို့ အစတုန်းက မျှော်လင့်ထားတာထက် သာလွန်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြတာတွေ့ရလို့ အားတက်မိပါတယ်။ ခုလိုပါဝင်ကြနှုန်းအတိုင်းနဲ့ဆို တကယ်ဖြစ်မှာပါ။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ မတိုင်ခင်အထိ ရသမျှဆန့်ကျင်မဲတွေ ပေးလို့ရအောင် စီစဉ်ထားတယ်။ Website လုံခြုံရေးကိုလည်း အဆင့်မြှင့်တင်ထားလို့ ပြည်သူတွေ ပူးပေါင်းနိုင်ပါတယ်။ ” ဟု ရဲဘော်ကျော်ကြီးက မှတ်ချက်ပြုသည်။

အဆိုပါ Website တွင် ၀င်ရောက်အသုံးပြုသော ပြည်သူများ၏ မည်သည့်အချက်အလက်ကိုမှ မှတ်သားသိမ်းဆည်းထားတာမရှိသောကြောင့် ပြည်တွင်းရော ပြည်ပကပါ လုံခြုံစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Website တွင် ၀င်ရောက် ကလစ်နှိပ်ခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကာက်ပွဲကို လက်မခံကြောင်း ၀င်ရောက်ပူးပေါင်း ပါ၀င်နိုင်ကြောင်း သိရှိရသည်။

အဆိုပါ Website သို့ ဖုန်း သို့မဟုတ် ကွန်ပြူတာတစ်လုံးဖြင့် တစ်ကြိမ်သာ ၀င်ရောက်မဲပေးနိုင်ပြီး ရရှိလာသည့် မဲနံပါတ်အရေအတွက်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းသိရှိအောင် လုပ်ဆောင်သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က စီစဥ်ထားသည့် ဒီဇင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်အချိန်အထိ ကန့်ကွက်မဲအရေအတွက် သန်းချီ၍ ရရန် မျှော်မှန်ထားကြောင်း၊ ပြည်သူများ၏ ထင်မြင်ချက်များကိုလည်း ဝက်ဘ်ဆိုက်တွင်လွတ်လပ်စွာ၀င်ရောက်ရေးသားနိုင်ပြီး အတုအယောင်ရွေးကောက်ပွဲကာလတွင် ဖြစ်ပေါ်လာမည့် ဖိနှိပ်မှုများ၊ ပဋိပက္ခများကို ၀င်ရောက်ရေးသားနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အွန်လိုင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် လုံခြုံစွာ ဆန္ဒထုတ်ဖာ်လိုပါက https://mm-sham-elections.vercel.app/ သို့ ဝင်ရာက်နိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article