22 C
Yangon

မြန်မာပြည်နွယ်ဖွား အမေရိကန်နိုင်ငံသား ချင်းတိုင်းရင်းသားလူငယ် Joshua Van က ကမ္ဘာ့ချန်ပီယံ Alexandre Pantoja ကို အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

မြန်မာပြည်နွယ်ဖွား အမေရိကန်နိုင်ငံသား ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာ Joshua Van က UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် အနိုင်ရရှိသွားသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသည့် UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ချင်းလူငယ်ဖိုက်တာ Joshua Van က UFC ၏ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Alexandre Pantoja ကို အနိုင်ရရှိပြီး Flyweight (ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပွဲစတင်ပြီး ပထမအချီ စက္ကန့်ပိုင်းတွင်ပင် Joshua Van က ပြိုင်ဘက်ကို အလဲထိုးခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက် ကမ္ဘာ့ချန်ပီယံ Alexandre Pantoja မှာ လက်ကျိုးသွား၍ ဆက်လက် မယှဉ်ပြိုင်နိုင်တော့ဘဲ အရှုံးပေးလိုက်ရခြင်းဖြစ်သည်။

ချင်းလူငယ် Joshua Van က ဇွန်လ ၂၉ ရက်နေ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲတွင် UFC ဖလိုင်းဝိတ်တန်း၏ အဆင့် ၁ နေရာတွင်ရှိသော Brandon Royval ကို အနိုင်ရခဲ့ပြီးနောက် UFC ၏ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကို စိန်ခေါ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article