22 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့ဒေသ တွေကို PDF တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မိုးကုတ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရက မနေ့က ဒီဇင် ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန် လိုက်ပါတယ်။

-အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေနှင့်အတူ ရပ်တည်နေတဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာ အပြောင်းအလဲမရှိဘဲ ဆက်လက် တာဝန်ယူခွင့်ရရှိထားတယ်လို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးဆီကနေ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေ စဉ့်ကူးမြို့နယ် ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article