35 C
Yangon

စလင်းတွင် ကင်းပတ်ရန် ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ခဲယမ်းတချို့သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

မကွေးတိုင်း၊ စလင်းမြို့မရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားနှင့် ရဲ များပါဝင်သည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၅ ဦး‌ သေဆုံးပြီး ခဲယမ်းပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၆ မိနစ်ခန့်တွင် စလင်းမြို့မရဲစခန်းမှ စိမ်းစိုဂိတ်ကင်းစခန်းသို့ ကား ၁ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ကင်းပတ်ရန် ထွက်လာသော အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုထိခိုက်ဒဏ်ရာရရှိသော စစ်သားများထဲမှ စလင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော စစ်သားနှင့်ရဲ ၃ ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သေဆုံးတာ အားလုံးပေါင်း ၅ ကောင်လို့ သိရတယ်။ မိုင်းဆွဲတဲ့အချိန်မှာ ၂ ကောင်က ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံအရောက်မှာသေတယ်။ ဆေးရုံရောက်ပြီး တက်ရောက် ကုသနေချိန်မှာ ၃ ကောင် ထပ်သေတယ်လို့ သိရတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲအတွင်း စစ်သားနှင့် ရဲများ အသုံးပြုသော G-3 ကျည်ဘောက် ၂ ခု ၊ လက် ပစ်ဗုံး ၂ လုံး ၊ ကျည်အတောင့် ၃ဝ ခန့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article