24 C
Yangon

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာမှ ထွက်လာသော သီတာယုမွန် ပျူစောထီး အဖွဲ့နှင့် စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျောက်ပြုတ် ဘုရားကုန်း အနီးမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းစစ်တပ် စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့၌ ကျောက်ပြုတ် ဘုရားကုန်း အနီး သေဆုံးသွားသော စစ်သား အလောင်းများကို မီးရှို့ဖျောက်ဖျက်သွားကြောင်း သိရှိရသည်။

“မြင်းခြံ ကျောက်ပြုတ်ကျေးရွာကနေ မနေ့က ည ၇ နာရီလောက်က အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁၅ ကောင် သေဆုံးတယ်။ သေဆုံးသွားတဲ့ စစ်ခွေး အလောင်းတွေကို

မနက်က မီးရှို့အလောင်းဖျောက်ဖျက်သွားတယ်” ဟု ပြည်သူ့ ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ ၊ Myingyam DangerDynamite အဖွဲ့နှင့် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article