ဒီကနေ့ ဒီဇင်ဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်က ပြည်တွင်း စက်သုံးဆီကုမ္ပဏီပိုင်ရှင်တွေကို မသမာမှု လုပ်တယ်ဆိုပြီး ငွေကျပ် ဘီလီယံပေါင်း ၅၄၀ ကျော်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ပေးဖို့ ရာဇသံပေးလိုက်တဲ့ အပြင် ဆီလုပ်ငန်းရှင်တွေအားလုံးကို ပြည်ပထွက်ခွာခွင့်မပေးတော့ပဲ စစ်တပ်က ယာယီပိတ်ပင် လိုက်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မကွေးတိုင်း၊ ကံမမြို့နယ်က ထန်းဖြူနဲ့ရေတွင်းကြီး ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေ နေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက် ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ၁၅ ဦး ဝန်းကျင်က အသီးသီး သေကုန်ကြပြီးဖြစ်သလို ၂ ဖက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သရက်ခရိုင် PDF အမှတ် – ၄ တပ်ရင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာရှိတဲ့ ကျီကုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က သံဃာတော် ၂ ပါးအပါအဝင် လေဖြတ်ထားတဲ့သူ ၊ ပေါင်ရိုးကျိုးနေတဲ့သူ စုစုပေါင်း ပြည်သူ ၅ ဦးကို သတ်ဖြတ်ထား တဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးထားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




