21 C
Yangon

ကနီမြို့နယ် ချင်းတွင်မြစ်အတွင်းရှိ မုဌေါရွာ ကူတို့ဆိပ်ကမ်းနှင့် ကန်ပက်လက်မြို့အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊‌ ချင်းတွင်းမြစ်အတွင်းရှိ မုဌေါရွာ ကူတို့ဆိပ်ကမ်းကို အကြမ်းဖက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ချင်းတွင်းမြစ်အတွင်းရှိ မုဌေါရွာ ကူတို့ဆိပ်ကမ်းကို ဗုံးကျဲ တိုက်ခိုက်ပြီး ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

“ဗုံးကျဲချသွားတာက မုဌေါရွာ သရက်ပင်ဆိပ်ကမ်းကို ကျဲချသွားတာ ဗုံး ၄ လုံး ကျဲချပြီး Rocket ၂ လုံးနဲ့ ပစ်သွားတယ်။ မု‌ဌေါမြောက်ရွာက အသက် ၃၀ ခန့် အမျိူသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း စစ်တပ်က ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းကျေးရွာအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ပြီး Gyrocopter ၂ စီး၊ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး သေဆုံးကာ စက်လှေ ၁ စီးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် တိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကန်ပက်လက်မြို့အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် တိုက်ခိုက်မှု ၈ ကြိမ်တိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ကျဲတဲ့နေရာ အတိအကျနဲ့ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်ပါတယ်။ အသံအနေအထားအရ မြို့ထဲတော့မဟုတ်ဘူးလို့ ယူဆရလို့ပါ။ ကန်ပက်လက်မှာ စစ်ခွေးတွေမရှိတော့ဘူး။ တိုက်ပွဲလည်းမရှိပါ။ မြို့အထက်ဘက်က ဟိုတယ် ဇုံးဘက် ကျဲတယ်လို့တော့ သိရပါတယ်။ အဲ့ဘက်မှာ အရပ်သားပြည်သူတွေ မနေကြဘူးဆိုတော့ အရပ်သားနေအိမ်နဲ့ အရပ်သားထိခိုက်မှုတော့မရှိလောက်ဘူး။ အဲ့ဘက်က ဟိုတယ်ဇုံမို့ အစကတည်းက ပြည်သူ့နေအိမ်နဲ့ ပြည်သူတွေမနေကြတာပါ” ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article