31 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ပြောက်ကျား စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်၍ အသံတိတ်သပိတ် ပြုလုပ်နေချိန် ပြည်သူများ သွားခြင်းမပြုလုပ်ရန် အသိပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ပြောက်ကျား စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်၍ အသံတိတ်သပိတ် ပြုလုပ်နေချိန် ပြည်သူများ သွားခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း Brave Heart Army -BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူများ အသံတိတ်သပိတ် ပြုလုပ်မည်ဖြစ်ပြီး ထိုသို့ သပိတ်ပြုလုပ်နေချိန် BRAVE HEART ARMY-BHA အဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့များက ပြောက်ကျား သပိတ်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြောက်ကျားစစ်ဆင်ရေး ဆင်နွှဲမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မုံရွာ-ချောင်းဦး လမ်းပိုင်းကို နံနက် ၉ နာရီမှညနေ ၃ နာရီထိ အသုံးမပြုရန် အသိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ လမ်းပိုင်း ပြန်ဖွင့်မည့် နေ့ရက်ကိုလည်း ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ ပြောက်ကျားစစ်ဆင်ရေး ဖော်ဆောင်ဖို့ရှိတဲ့ အတွက် ပြည်သူတွေရဲ့ အသက်အန္တရယ် ကင်းဝေးစေဖို့ အပြင်မထွက်ကြဖို့လိုပါတယ်။ ကျွန်တော်တို့ BRAVE HEART ARMY-BHA တပ်ဖွဲ့ အနေနဲ့ မုံရွာ-ချောင်းဦးလမ်းမကြီးကို နံနက် ၉ နာရီကနေ ညနေ ၃ နာရီ အထိ ပိတ်ထားမှာဖြစ်တယ်။ လမ်းကြောင်းပြန်ဖွင့်မယ့် နေ့ရက်ကိုလည်း ကျနော်တို့ ပြန်လည် ကြေညာသွားမယ်” ဟု Brave Heart Army -BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်၌ ပြည်သူများ ပူးပေါင်း ပါဝင်ကြရန်နှင့် တနိုင်ငံလုံး အသံတိတ် တော်လှန်ကြမည့် (silent strike) တွင်ပါဝင်ကြရန် အသိပေးနှိုးဆော်လိုကြောင်း Brave Heart Army -BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article