25 C
Yangon

ဘုတလင်မြို့မှ သပြေပင်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုများပြားပြီး ကားဖြင့် သယ်ယူသွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ သပြေပင်ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုများပြားပြီး ကားဖြင့် သယ်ယူသွားကြောင်း ဘုတလင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ အဖြူရောင် ကြွက်ကလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဘုတလင်မြို့မှ သပြေပင်ရွာသို့ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများပြားပြီး ဒဏ်ရာရစစ်သားများကို ကားဖြင့် ဘုတလင်မြို့ စစ်တပ် အထိုင်စခန်းသို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းက ဘုတလင်မြို့ထဲကနေ သပြေပင်ရွာထဲကို ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကျနော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေ ထိခိုက်မှုများပြားပါတယ်။ ဒဏ်ရာရ စစ်ခွေးတွေကို ကားနဲ့ ဘုတလင်မြို့ အထိုင်စခန်းကို ပြန်ပို့လိုက်တယ်လို့ သိရတယ်” ဟု ဘုတလင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ အဖြူရောင် ကြွက်ကလေးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း ၊ ညောင်ဦးခရိုင်တပ်ရင်း ၃ -ဘုတလင်မြို့နယ် ပကဖ အဖွဲ့-( BA) ဗားမားအာမီ တပ်ရင်း ၁ – ပြည်သူ့အသံ တိုက်ခိုက်ရေး အဖွဲ့- ဒီပဲယင်း နှင့် ဗိုလ်တောက်တဲ့ အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article