30 C
Yangon

တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland က သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် Lal Eng Pui Aa နှင့် မင်းကျော်သိန်းတို့ ၂ ဦးသည် သိုင်ငင်းစခန်းမှ ထွက်ပြေးလာပြီး PDF Zoland သို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော ရဲဘော် ၂ ဦးသည် MA အမျိုးအစား သေနတ် ၂ လက် ယူဆောင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ထားကြောင်း သိရသည်။

၎င်းတို့ ၂ ဦးကို လက်ရှိချိန်တွင် PDF Zoland မှ ဂုဏ်ပြု ကြိုဆိုကာ စစ်တပ်ကုန်းနှင့် လက်ရှိ တာ၀န်ကျနေသော စခန်းများမှ ကျန်ရှိနေသော တပ်သားများ အားလုံး အချိန်မီ အလင်းဝင်ရောက်ရန် PDF Zoland က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article