25 C
Yangon

ဂန့်ဂေါမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်း နှင့် ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် အသံတိတ် သပိတ်ကို ပူးပေါင်းပါဝင်ခဲ့ကြသည့် တနိုင်ငံလုံးရှိ ပြည်သူများအား ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း နှင့် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့၌ တပ်စွဲထားသော ရဲ နှင့် စစ်သားများ ထိခိုက်မှုရှိကြောင်း၊ ဒဏ်ရာရရှိသော ရဲနှင့် စစ်သားများကို ဂန့်ဂေါမြို့နယ် ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

“ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်လို့ သတင်းမရဘူး။ ဆက်သွယ်ရေးလိုင်းအခက်အခဲရှိနေလို့ ရဲစခန်းအနီး မှာရှိတဲ့ ပန်းခြံထဲလည်း ဗုံးသီး တစ်လုံးကျတယ်။ နောက်ပြီးတော့ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးကိုလည်း တစ်ကြိမ်ချသေးတယ်လို့ မြေပြင်သတင်းတွေအရ အတည်ပြုနိုင်ပါတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် ဂန့်ဂေါမြို့ သစ်ထုတ်လုပ်ရေးရုံးဝန်းအတွင်းရှိ အကြမ်းဖက်စစ်တပ်က မြို့အနောက်ဘက်၊ မြစ်သာမြစ်တဖက်ကမ်း ရှိ စိုင်ဒူးကျေးရွာနှင့် ဇဟောကျေးရွာများကို လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article