ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ အရာရှိနဲ့ စစ်သည်တွေအားလုံး ကြိုတင်မဲ အဖြစ် စာရင်းပေးလိုက်ရပြီး ကိုယ်ထိလက်ရောက်မဲမပေးလိုက်ရဘူးလို့ တပ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ လာမယ့်ရွေးကောက်ပွဲအတွင်း ဆန္ဒမဲ ပေးမယ့်သူနဲ့ မဲစာရင်းပါသူတွေကိုသာ စစ်ဘေးရှောင် ထောက်ပံ့ကြေးပေးတော့မယ်လို့ စစ်တပ်က အကျပ်ကိုင်လာတယ်လို့ အဲဒီစခန်းက စစ်ဘေးရှောင်ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်အရှေ့ပိုင်း မြို့ပြင် ဆက်အင်းပြန့်ရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေး တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




