30 C
Yangon

ဖားကန့်မြို့တွင် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်နှင့် မတရား ဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ် ဖားကန့်မြို့တွင် တရုတ်အစိုးရ အားပေးကူညီထောက်ပံ့မှုနှင့် အကြမ်းဖက် မင်းအောင်လိုင် ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်နှင့် မတရား ဖမ်းဆီးခံနေရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသား များ အားလုံးလွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

ဖားကန့်ပြည်သူများက “ ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်” “ Reject the fraudulent election with the will of the people” “ Say No ,Just Trap Myanmar Sham Election Crap” “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စသည့် စာတန်းများကိုင်ဆောင်ပြီး တနိုင်ငံလုံးရှိပြည်သူများ မင်းအောင်လိုင်ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်၍ ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ကာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ရန် တောင်းဆိုခဲ့ကြသည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မင်းအောင်လှိုင်ရွေးကောက်ပွဲကို အသိအမှတ် မပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရန် ဝိုင်းဝန်းကူညီကြရန်တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article