ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း ရွေဘို-မန်းလေး ကားလမ်းမပေါ်နှင့် ခရီးသွားပြည်သူများ အသုံးပြုသောကားလမ်းများတွင် ဒီဇင်ဘာ ၁၂ ရက်နေ့၌ တရားမဝင်အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ”သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာတန်း Billboard များကို ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဒီပဲယင်းမြို့နယ်တွင်လည်း အကြမ်းဖက် စကမ၏ အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဒီပဲယင်းမြို့နယ်ပအဖ၊ပလဖနှင့်မြို့နယ်အတွင်းမှ သပိတ်ကော်မတီအဖွဲ့များ ပူးပေါင်း၍ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့၊ဖက်ဆစ်ရွေးကောက်၊ခွေးထွက်ပေါက်၊မဲမပေးနဲ့သပိတ်မှောက်”ဟူသော ကြွေးကြော်သံများပါဝင်သော Vinyls များချိတ်ဆွဲခြင်း၊ပြည်သူ့အသံဖော်ထုတ်ခြင်း အစရှိသည့် ဖက်ဆစ်စစ်တပ်၏ အတုယောင်ရွေးကောက်ပွဲအားဆန့်ကျင်ရေးလှုပ်ရှားမှုများအားဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။






