ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မွန်ပြည်နယ်မှာ ဝန်ကြီးချုပ် ညိုစောရဲ့ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင်တဲ့ Puma Power စွမ်းအင်ကုမ္ပဏီရဲ့ စက်သုံးဆီ မသမာမှုေတွကြောင့် ဆီပြတ်လပ်မှု ပြဿနာကို အရေးယူမှု မရှိဘူးလို့ စက်သုံးဆီ အသိုင်းအ၀ိုင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းကတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်လိုက်တဲ့သတင်းကို ကမ္ဘာတဝန်းက မီဒီယာတွေမှာ အကြမ်းဖက်လုပ်ရပ်အဖြစ် ဖော်ပြနေကြပြီး၊ ကျူးလွန်သူ မြန်မာစစ်တပ်အပေါ် ဖေန်မှုတွေလည်း အကြီးအကျယ် မြင့်တက်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူတွေရဲ့ စပါးရိတ်စက် ၂ စီးကို လုယက် ယူဆောင်လာတဲ့ အကြမ်းဖက် စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၄ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




