30 C
Yangon

ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ဖိုးဝသိမ်ရွာကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်နှင့် ရှမ်းစုရွာမှ အသက် ၅၀ နှစ်အရွယ် ဦးမောင်လုံးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေနီကျေးရွာနှင့် အလူကြီးရွာတို့ကိုလည်း ထပ်မံ ဝင်ရောက်စီးနင်းခဲ့ပြီး အလူကြီးရွာမှ ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သွားသော ပြည်သူ ၃ ဦး၏ အမည်များကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မနေ့က မွန်းလွဲပိုင်းမှာ ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာနေ ပြည်သူ ဦးကြည်လွင်နဲ့ ရှမ်းစုရွာက ဦးမောင်လုံးတို့ လက်နက်ကြီး အစထိမှန်ပြီး သေဆုံးသွားတယ်။ စစ်ခွေးတွေ စစ်ကြောင်းက သပြေနီကျေးရွာနဲ့ အလူကြီးရွာတွေကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်။ သေဆုံးသူ ၃ ဦးရဲ့ အမည်တွေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများအတွင်းရှိနေသေးသောကြောင့် ရှမ်းစုရွာတွင်နေထိုင်သော ဦးမောင်လုံး၏ ရုပ်အလောင်းကိုသာ ရရှိသေးပြီး ကျန်ရှိနေသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းများကို ယူဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article