27 C
Yangon

မြန်မာနိုင်ငံသား ၃၅၀၀ ဦးကို ထိုင်းက မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ အဓမ္မပြန်ပို့မှု ၊ လူကုန်ကူးမှု ကျူးလွန်ဟု Fortify Rights က ပြော

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို ထိုင်းက မြန်မာစစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မပြန်ပို့မှု၊ လူကုန်ကူးမှု ကျူးလွန်ဟု Fortify Rights က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်းအာဏာပိုင်များက မြန်မာ စစ်တပ်နှင့် ပူးပေါင်းပြီး ရနောင်း – ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့ကြောင်း၊ ထိုင်းဥပဒေနှင့် နိုင်ငံတကာ ဥပဒေများအရ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းဓမ္မ ပြန်လွှဲပြောင်းပေးပို့မှုများကို လူကုန်ကူးမှုအဖြစ် သတ်မှတ်နိုင်ကြောင်း Fortify Rights က ပြောဆိုသည်။

အတင်းအကျပ် ပြန်လည်ပို့ဆောင်ခံရသူများတွင် အမျိုးသားများမှာ အကြမ်းဖက် မြန်မာစစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းရန် ခြိမ်းခြောက် ဖမ်းဆီးခံရကြောင်း Fortify Rights က ထောက်ပြသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် တရားမဝင်ပူပေါင်းဆောင်ရွက်နေမှုများကို ချက်ချင်းရပ်တန့်သင့်ပြီး တာဝန်ယူတာဝန်ခံမှုရှိသည့် ယန္တရားတစ်ခုဖောင်ဆောင်သင့်ကြောင်း၊ မြန်မာနိုင်ငံသားများကို အတင်းအဓမ္မပြန်ပို့ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးသင့်ကြောင်း Fortify Rights က ဆက်လက်ထောက်ပြထားသည်။

“ထောင်ပေါင်းများစွာသော မြန်မာပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းဓမ္မစုဆောင်းတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သေဆုံးနိုင်ခြေရှိတဲ့ အန္တရာယ်တွေကို သိရဲ့နဲ့ မြန်မာစစ်အုပ်စုလက်ထဲကို ထိုင်းအရာရှိတွေက တွန်းပို့နေတာဟာ အလွန်ရက်စက်ကြမ်းကြုတ်ရာရောက်ပါတယ် ” ဟု Fortify Rights အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောဆိုသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားများ၏ ရောက်ရှိနေထိုင်မှုကို တရားဝင်စာရင်းသွင်းခွင့်ပြုပြီး အခြေခံအခွင့်အရေး၊ အကာ အကွယ်များ ရရှိနိုင်မည့်ထိရောက်သည့် ခိုလှုံခွင့်ကို မဖြစ်အနေထူထောင်သင့်ကြောင်း Fortify Rights အဖွဲ့ကအကြံပြုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article