ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်က သူ့အနေနဲ့ ယာယီသမ္မတရာထူး ၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူး နဲ့ စကမဥက္ကဋ္ဌ ထိပ်ပိုင်း ရာထူး ၃ ခုကို ယူထားပေမယ့် လစာတစ်မျိုးတည်းသာ ယူထားပါတယ်ဆိုပြီး တပ်တွင်းအစည်းအဝေးတွေမှာ ပြောဆိုနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတသစ်ကို ပြောပါတယ်။
အမေရိကန်နိုင်ငံက ကျားဖြန့် တိုက်ဖျက်ရေး အရှိန်မြှင့်လာတဲ့အချိန် မြန်မာနိုင်ငံမှာ ကျားဖြန့် Online Scam အကြောင်းပြပြီး ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မှုကို တရုတ်နိုင်ငံအနေနဲ့ လက်မခံဘူးဆိုပြီး တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ပြောဆိုလာပြန်ပါတယ်။
-မြန်မာအကြမ်းဖက် စစ်တပ်ဟာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ ကလက်စတာ ဆင့်ကဲဗုံးတွေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျေးရွာတွေကို ဆက်တိုက်ဗုံးကျဲမှုတွေ လုပ်နေတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ ဆုလဲမြင့်မိုရ် ကုမ္မဏီ နဲ့ နေဝန်းကမ္ဘာ အေဂျင်စီ ၂ ခုကဂျပန်ကို ပို့ဆောင်ပေးမယ်ဆိုပြီး လူ ၁ ဦးလျှင် ကျပ်သိန်း ၂၀၀ ကျော်နှုန်းနဲ့ လူပေါင်း ၁ ထောင်ကျော်ဆီကနေ ငွေကျပ် သိန်းပေါင်း သောင်းနဲ့ချီပြီး လိမ်လည်ထွက်ပြေးသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




