24 C
Yangon

နယူးဇီလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပ

Must read

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄

နယူးဇီလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင် မတရားသဖြင့် အာဏာသိမ်း၍ အဓမ္မအကျဉ်းချ ဖမ်းဆီးထားသော လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ချက်ခြင်း လွှတ်ပေးရေး၊ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နယူးဇီလန်နိုင်ငံ၏ မြို့တော် ဝယ်လင်တန်၊ အောက်ကလန်၊ နယ်လဆင် နှင့် ဒင်နဒင် မြို့များတွင် ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တစ်ပြိုင်တည်း ကျင်းပခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်တွင်လည်း မြန်မာ့အရေး အားပေးကူညီကြသူများ၊ မြန်မာပြည်ဖွား တိုင်းရင်းသားများ စုပေါင်း ၍ ဆန္ဒထုတ်‌ဖော်ခဲ့ကြကြာင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article