26 C
Yangon

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာက ကျေနပ်ခြင်း၊ မကျေနပ်ခြင်းမှာ အရေးကိစ္စမဟုတ်ဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာက ကျေနပ်ခြင်း၊ မကျေနပ်ခြင်းမှာ အရေးကိစ္စမဟုတ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ရန်ကုန်တွင် ယနေ့ ပြုလုပ်သည့် ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားသတင်းဌာနတစ်ခု၏ မေးခွန်းကို အကြမ်းဖက် ဇော်မင်းထွန်းက ပြန်လည် ဖြေဆိုစဉ် အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

ရွေးကောက်ပွဲကို စစ်တပ်က အတင်းအကျပ် မဲလာပေးရမည်၊ ထောက်ခံရမည်ဟု လုပ်ဆောင်နေခြင်းမရှိကြောင်း၊ တုတ်နှင့်ရိုက်၍ ရွေးကောက်ပွဲ မထောက်ခံမနေရ လုပ်နေခြင်းလည်းမရှိကြောင်း၊ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွက် လုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာအတွက် လုပ်ခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာက ကျေနပ်ခြင်း၊ မကျေနပ်ခြင်းမှာ အရေးကိစ္စ မဟုတ်ကြောင်း အကြမ်းဖက်ဇော်မင်းထွန်းက ရှင်းလင်းပြောဆိုသည်။

“ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် လုပ်တာ။ မြန်မာနိုင်ငံသားတွေအတွက်လုပ်တာ။ နိုင်ငံတကာအတွက် လုပ်တာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အစိုးရပေးဖို့ လုပ်တာ။ အင်တာနေရှင်နယ်မှာ အစိုးရပေးဖို့ လုပ်တာမဟုတ်ဘူး။ ရွေး ကောက် ပွဲက မြန်မာလူထုကို ဗဟိုပြုတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ မြန်မာပြည်သူလူထုမဲပေးနိုင်ဖို့ပဲ အရေးကြီးတယ်။ အင်တာနေရှင်နယ်က ကျေနပ်တာ မကျေနပ်တာ အရေးမဟုတ်ဘူး” ဟု အကြမ်းဖက်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

လတ်တလော ရွေးကောက်ပွဲကို စစ်တပ်နှင့် မိတ်ဖက်နိုင်ငံများက ထောက်ခံပြီး အကူအညီများပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်​ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ တင်၍ အပိုင်း ၃ ပိုင်းခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး လွှတ်တော်များ ခေါ်ယူအပြီး မတ်လအကုန်တွင် အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article