ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံတွင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ဒါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းပါ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
“ကိုထိန်လင်း ကိုယ်တိုင် ဦးဆောင်လှုပ်ရှားနေတဲ့ All In One Peace Movement နဲ့ Sham Election လှုပ်ရှားမှုကို ဒီနေ့ အတူတကွဆန္ဒဖော်ထုတ်ခဲ့ကြတာပါ”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။






