32 C
Yangon

မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက်မခံဟုဆိုခဲ့သော တရုတ်လုံခြုံရေး လက်ထောက်ဝန်ကြီး မဲဆောက်သို့ ရောက်ရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက် မခံဟုဆိုခဲ့သော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ က ယနေ့ ညနေပိုင်း မဲဆောက်သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ထိုင်းစံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်အချိန် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ က မဲ​ဆောက်အပြည်ပြည်ဆိုင်ရာ​လေဆိပ်သို့​ရောက်ရှိလာခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ မြ၀တီမြို့တွင် ပြုလုပ်မည့် ကျားဖြန့် ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်​​ရေး ၃ နိုင်ငံ (ထိုင်း၊ တရုတ်၊ မြန်မာ) ဆွေးနွေးပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်လက်ထောက်ဝန်ကြီးသည် မဲဆောက်သို့ မလာရောက်မီ ဒီဇင်ဘာ ၁၂ ရက်နေ့ နေပြည် တော်တွင် စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီး ဆိုသူ ထွန်းထွန်းနောင်နှင့်တွေ့ဆုံခဲ့ပြီး Online Scam တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံ များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရေး၊ Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက်မခံရေး၊ အွန်လိုင်းလိမ် လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု များတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေ ဖြင့် ထောက်ခံကြောင်း၊ ပါဝင်ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့သည်။

မြန်မာ – တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှု (Online Scams)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ် နိုင်ငံသားများကို ရှာဖွေကူညီကယ် တင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း)တို့ကိုလည်း ဆွေးနွေးခဲ့သည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့က မြဝတီဒေသရှိ Online Scam တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာရန် မဲဆောက်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article