မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မုံရွာ နမခ မှတက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ် သပြေညို လယ်အိုရေနံမှော်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ၄ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ သပြေညိုလယ်အိုရေနံမှော်ကို ကျဲသွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ နေအိမ်တွေ ပျက်စီးသွားတယ်။ နေအိမ်ကတော့ ခန့်မှန်း ၂ လုံးလောက်တော့ ပျက်စီးသွားတယ်။ နံနက်ပိုင်း ၂ ကြိမ်နဲ့ ညနေပိုင်း ၂ ကြိမ် စစ်ခွေးတွေက လာရောက် ကျဲသွားတာပါ။ ရေနံမြေ တကြောကို ကျဲသွားတာပါ”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၆နာရီ ၄၆ မိနစ်ခန့်အချိန် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁စီး ဖြင့် မြင်းမူမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ မြင်းမူမြို့နယ် ညောင်ပင်ကန်ကျေးရွာ အရှေ့ဘက် လယ်ကွက်ထဲကို ကျဲသွားတာပါ။ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ စစ်ခွေးတွေက တစ်ကြိမ်တည်းကို ဗုံး ၂ လုံးကျဲသွားတာပါ။ ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက ကျဲသွားတာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။





