25 C
Yangon

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘုန်းကြီးကျောင်းနှင့် ပေါက်မြို့နယ်၊ သပြေညို လယ်အိုရေနံမှော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘုန်းကြီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ အသံ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ တပ်မ ၆၀၀၆ မှ စစ်ကား ၂ စီးသည် အင်ကြင်းစုရွာထဲကို ရောက်ရှိလာပြီးနောက် ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကာ ကျန်ရှိသော သံဃာတော်များ ထိခိုက်မှုမရှိကြောင်း၊ ထို့ပြင် ဘုန်းကြီးကျောင်းဆောင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ပဇီကြီးရွာ ဘုန်းကြီးကျောင်းကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲသွားတာ သံဃာတော် ၁ ပါးတော့ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ သပြေညို လယ်အိုရေနံမှော်ကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ် သပြေညို လယ်အိုရေနံမှော်ကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆီပေပါ ထားရှိသော ခြံများ ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။

“အဲဒီနားတွေ မနေ့က သပြေညိုမှော်နားတွေပဲ စစ်ခွေးတွေက ကျဲသွားတာပါ။ ပြည်သူတွေ အထိအခိုက်တော့မသိရသေးဘူး။ နေအိမ်တွေပျက်စီးတာမျိုးတော့ မရှိဘူး။ ဆီပေပါခြံတွေ ပျက်စီးတာတွေရှိတယ်။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျဲသွားတာပါ။ စစ်ခွေးတွေက နံနက်ပိုင်းမှာ ၁ ကြိမ်၊မွန်းလွဲပိုင်းမှာ ၁ စုစုပေါင်း ၂ကြိမ် လာကျဲသွားတာပါ။ဗုံးသီးအရေအတွက်ကတော့ ၄လုံးထက်မနည်း ကျဲသွားတာပါ။ပြည်သူတွေ စစ်ကြောင်း၊ လေကြောင်း သတိပြုနေထိုင်ကြပါဖို့ ပြောချင်ပါတယ် “ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article