28 C
Yangon

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း (DSNDA) ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့ပေါ်မှ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်သာမြို့အနောက်ဘက်ရှိ လက်သဲကျင်-ဖောက်ဆိပ်ပင် ကျေးရွာကို ဦးတည် ဝင်ရောက်လာပြီး မင်းတည်းကျေးရွာသို့ ဦးတည် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီနှင့် ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခုခံကာကွယ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က မင်းတည်းကျေးရွာလမ်းဘေးရှိ ပြည်သူပိုင် နေအိမ် ၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“ကျနော်တို့ တပ်ဖွဲ့က နေရာမရွေး ဒေသမရွေး တော်လှန်နေပါတယ်။ တိုက်ပွဲတွေလည်း ဆက်လက် ဖော်ဆောင်နေပါတယ်” ဟု (DSNDA) ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Toungthar people Defence Force (TTA-PDF) နှင့်အတူ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်၊ ရုံးစဉ်ကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၃) ၊ One more စစ်ကြောင်းနှင့် (DSNDA) ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article