ရန်ကုန်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်ဖြစ်သည့် အဝေးပြေးကားကြီးဝင်းထိပ်တံတားပေါ်နှင့်အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရုပ်ထုရှေ့၊ အလက-၁ ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့၊ ရွှေဘို-ရေဦးလမ်းထိပ်နေရာများတွင် စကမ၏ တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်း၊အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေးကဗျာများ ရွတ်ဖတ်၍ နှိုးဆော်ခြင်းများကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -PDO ၊ တိုက်နယ် ၅ ပကဖအဖွဲ့တို့က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်သားများက အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ရန် ရွှေဘိုမြို့ပေါ်တွင် လုံခြုံရေးတင်းကြပ်စွာထားရှိသည့်ကြား၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များက လူစည်ကားရာနေရာများအထိ ဗီနိုင်းများ လာရောက်ချိတ်ဆွဲနှိုးဆော်ထားခြင်းကို အော်ဟစ်ဆဲဆို၍ ဗီနိုင်းများအား လာရောက်ဖျက်ဆီးသွားကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။






