ကိုရီးယာနိုင်ငံ လွှတ်တော်အမတ်များက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချသည်ဟု စုပေါင်းကြေညာခဲ့ကြောင်း NUG အစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၏ အာဏာရနှင့် အတိုက်အခံပါတီ လွှတ် တော် အမတ်များက မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကာ အတင်းအ ကျပ် ကျင်းပရန် စီစဉ်နေသည့် တရားမဝင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း စုပေါင်းထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းမှု တို့ကို ရှုတ်ချပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို တောင်းဆိုသည်ဟု ဒီမိုကရက်တစ်ပါတီ၏ အီယွန်ဆွန်း အမတ် ဦးဆောင်သည့် အာဏာရနှင့် အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦး၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာစစ်တပ်သည် အာဏာသိမ်းခဲ့သည့်နေ့မှ ယနေ့အချိန်ထိ ပြည်သူများအပေါ် အင်အား သုံးဖိနှိပ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း အာဏာသိမ်းမှုနောက်ပိုင်း အ နည်းဆုံး ပြည်သူ ၆,၀၀၀ သေဆုံးပြီး ၃ ဒသမ ၅ သန်းကျော် စစ်ဘေးရှောင်များ ဖြစ်လာရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (OHCHR) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည် ဟု ဆက်လက်ပြောဆိုထားကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်အုပ်စုက ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများနှင့်အညီ မဟုတ်ဘဲ၊ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် လုပ် ရန် လှည့်စားသည့် တရားမဝင် ရွေးကောက်ပွဲ” ဟု သတ်မှတ်ကာ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဆက်လက်ဖော်ပြထားသည်။
စစ်အုပ်စုအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုများကို အာမခံရန်၊ နိုင်ငံရေးအင်အားစုများကို ဖယ်ထုတ်ခြင်းမပြုဘဲ အတူပါဝင်သော ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းရန်နှင့် ယုံကြည်စိတ်ချရမှု ရှိ သည့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများကို အာမခံရန်နှင့် တိုင်းရင်းသားများ အပါအဝင် တနိုင်ငံ လုံးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အကန့်အသတ်မရှိ ရယူနိုင်ခွင့်အာ မခံရန် တို့ကို ဆက်လက်တောင်းဆိုထားသည်။
ကိုရီးယားလွှတ်တော်သည် မည်သည့်ပုံစံဖြင့်မဆို အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုအား တရားဝင်ဖြစ်အောင် လုပ်သည့် ကြိုးပမ်းမှုများကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၊ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ၊ ပြည်သူသာ အဓိကဖြစ် သည့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးသာလျှင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်မည့် တခု တည်းသော လမ်းကြောင်းဖြစ်ကြောင်း ကိုရီးယားလွှတ်တော်အမတ်များက ပြောဆိုခဲ့ကြောင်း သိရ သည်။
အဆိုပါ ပူးတွဲကြေညာချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင်က ကိုရီးယားလွှတ်တော်တွင် ပြုလုပ်ခဲ့သည့် ကြားနာပွဲတွင် တောင်းဆိုခဲ့သည့် “မြန်မာစစ် တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ရှုတ်ချသည့် ကြေညာချက် ထုတ်ပြန်ရန်” တောင်းဆိုမှု၏ နောက်ဆက်တွဲ ဆောင်ရွက်ချက်တခု ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတကာအသိုက်အဝန်းနှင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖျက်ဆီးခံနေ ရမှုကို ကြည့်ရှုနေရုံသာ မလုပ်သင့်တော့ပါ။ ကိုရီးယားနိုင်ငံသည်လည်း လွန်ခဲ့သည့် တ နှစ်က တရား မဝင် စစ်အုပ်ချုပ်ရေး အောင်မြင်ခဲ့ပါက မြန်မာနိုင်ငံနှင့် တူညီသော အခြေအနေ ဖြစ်ပွားခဲ့လိမ့်မယ်။ မြန်မာ့နွေဦးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးထက် ကျော်လွန်ကာ အာရှနှင့် လူသားအားလုံး အ တူတကွ ထိန်းသိမ်းကာကွယ်ရမည့် အခြေခံမူဖြစ်ပါတယ်” ဟု ထုတ်ပြန်ကြေညာချက်ကို အဓိက ဦး ဆောင်သူ ဒီမိုကရက်ပါတီမှ အီယုန်ဆွန်းအမတ်က ပြောဆိုသည်။




