26 C
Yangon

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ ကျောက်ပန်းတောင်းတွင်လည်း စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်း ၊ ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၀ တပ်ရင်းအတွင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဂန့်ဂေါမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခလရ ၅၀ တပ်ရင်းအတွင်းကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး အားလုံး ပစ်မှတ်နေရာများကို ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ရှော့တိုက်ဒုံးတွေက ခလရ ၅၀ တပ်ရင်းထဲကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျ သိရဖို့ စုံစမ်းနေတုန်းပါ။ ရှော့ဒုံးတွေက ခလရ ၅၀ တပ်ရင်းထဲ ၁ လုံး၊ မြို့နယ် လဝကရုံးအနီးမှာ ၁ လုံးနဲ့ သစ်ထုတ်လုပ်ရေး ရုံးအနီးတွေမှာ ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ အဓိကတော့ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာနဲ့ အနီးအနား ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် တန်ပြန်သတိပေးတဲ့ အနေနဲ့တိုက်ခိုက်ခဲ့တ လို့သိရပါတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Unity Rocket Organization – URO အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မြို့အဝင် ၊ အထွက်များကို ပိတ်ဆို့စစ်ဆေးခြင်း၊ လုံခြုံရေးအင်အားတိုးမြှင့် ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို အင်ပင်ကြီးရွာနှင့် စမ်းတွန်းကြီးရွာကူးတံတားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ကျောက်ပန်းတောင်းမြို့ပေါ်က ထွက်လာတာပါ။ အင်အား ၈၀ ပါတယ်။ ဘုရားကြီးကုန်းက ပြည်သူ ၁ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ကျောက်ပန်းတောင်းမြို့ပေါ်ကို ပြန်အဆုတ်မှာ အင်ပင်ကြီးနဲ့စမ်းတွန်းကြီး ကူးတဲ့လမ်းအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၁ ဦးကတော့ အောက်တိုဘာလ ၁၁ ရက်နေ့ ပြန်လွတ်လာပါတယ်။ စစ်ခွေး ၇ ကောင်သေဆုံးတယ်” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (L.P.D.F) ၊ ချောက်မြို့နယ် ပကဖ ၊ ညောင်ဦး ယင်း (၄) နှင့် No Chair ပြောက် ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article