26 C
Yangon

ပေါင်းတည်မြို့နယ်တွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို လိုက်လံ ဖမ်းဆီးနေသော ရာအိမ်မှူး ကိုထွေး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးကျေးရွာအုပ်စု၊ ကွေ့မ ကျေးရွာတွင် စစ်မှုထမ်းခိုင်းရန်အတွက် လူငယ်များကို လိုက်လံဖမ်းဆီးနေသော ရာအိမ်မှူး ကိုထွေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် အမှတ် ၁ ၊ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၄ မှ ရဲဘော်များက ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးကျေးရွာ အုပ်စု၊ ကွေ့မကျေးရွာနေ ရာအိမ်မှူး ကိုထွေးကို တော်လှန် ရေးရဲဘော်များက သွားရောက် ရှင်းလင်းခဲ့ကြောင်း၊ ကိုထွေး၏ ဖုန်းကို သိမ်း ဆည်းရရှိပြီး စစ်ဆေးရာ စစ်တပ်ထံသို့ သတင်းပို့ ဆက်သွယ်ထားသော အ ချက် အလက်များ တွေ့ရှိရကြောင်း သိရှိရသည်။

ရာအိမ်မှူး ကိုထွေးသည် စစ်တပ်၊ ရဲများနှင့်ပူးပေါင်းပြီး ကျေးရွာအုပ်စုအတွင်း ပြည်သူများကို စစ်မှုထမ်းခိုင်းရန် လိုက်လံ ဖမ်းဆီးခြင်း၊ ကွေ့မကျေးရွာတွင် စစ်မှုထမ်းကြေးလစဉ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သောင်းမှ ၁ သိန်းအထိ ကိုယ်တိုင်ကိုယ်ကျ လိုက်လံကောက်ခံခြင်း၊ ၎င်းနှင့်မတည့်သော ပြည်သူများကို စစ်တပ်ထံသို့ မဟုတ်မမှန် သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူများကို စစ်တပ်ကဖ မ်းဆီး သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ရွာထဲမှာ ဧည့်စာရင်းမတိုင်တဲ့ ပြည်သူတွေကို သူကိုယ်တိုင် ရိုက်နှက်တာတွေ လုပ်တယ်။ အဲဒါကြောင် ပြတ်သားစွာ အပြစ်ပေး အရေးယူရှင်းလင်းတာဖြစ်ပါတယ်။ သူ့ဖုန်းထဲကနေ စစ်တပ်နဲ့ ဆက်သွယ်ထားတဲ့ အချက်အလက်တွေလည်း တွေ့ရပါတယ်” ဟု ပြည်ခရိုင် ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadow ကရှင်းပြသည်။

ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအနေ ဖြင့် ပြည်သူအပေါ် မတရား ရက်စက်ယုတ်မှုများ ဆောင်ရွက်နေပါက ပြတ် ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PPDF -၃၆၀၁ တပ်ရင်းက သတိပေးထားသည်။

ဓာတ်ပုံ- အနီဖြင့် ၀ိုင်းထားသူမှာ စစ်တပ်ဒေါက်တိုင် ရာအိမ်မှူး ကိုထွေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article