31 C
Yangon

ကန့်ဘလူမြို့နယ်၊ ဇီးကုန်း – မလယ်လမ်းဆုံအနီး ပြည်သူ့နေအိမ်များကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီး၊ မုံရွာမြို့ နယ်၊ ပေါက်ပင်ကျေးရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်း – မလယ်လမ်းဆုံအနီးရှိ ပြည်သူပိုင်နေအိမ်များကို အကြမ်း ဖက်စစ်တပ်နှင့် ပျူစောထီးများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ် ဝန်းကျင်အချိန် ဇီးကုန်း – မလယ်လမ်းဆုံတွင် အထိုင်ချထားတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ ပျူစောထီးများက အနီးအနားရှိ ပြည် သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊လတ်တလော နေအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေ အနေကို မသိရှိရသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

“အဲဒီနေရာမှာက စကစ က သူတို့ပဲ ထိုင်ထားတာ။ သူတို့က အဲဒီမှာပဲ နေပြီး မထင်ရင် မထင်သလို ပတ်ချာမှာရှိတဲ့ ပြည်သူ့နေအိမ်တွေကို မီးရှို့နေတာ။ ပြည်သူတွေရဲ့ နေအိမ် ဆုံးရှုံးမှု အရေအတွက်ကိုတော့ မသိရသေးဘူး။ ပြည်သူတွေ ဖမ်းခံတာမျိုးတော့ မရှိသေးဘူး” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇီးကုန်း – မလယ်လမ်းဆုံတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချထားသည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး မကြာခဏဆိုသလို အနီးအနား ကျေးရွာများသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ် ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အဆို ပါ မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Sun King Envoy Monywa က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းက ပေါက်ပင်ကျေးရွာသို့ ဝင်ရောက် လာပြီး ရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက စုဖွဲ့မှုပျက်ယွင်းပြီး နောက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို Sun King Envoy Monywa (LPDF)နှင့်အတူ Democratic Local Coalition (DLC)၊ ဒေသခံတပ်ပေါင်းစု၊ 5/fighter Group၊ Liger Three People Defense Force Democratic Guerrilla Force (DGF)နှင့် အခြားမဟာမိတ်တပ်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article