32 C
Yangon

မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲသည့် စစ်ရာဇဝတ်မှုကို နိုင်ငံတကာအနေဖြင့် ရှုတ်ချရုံဖြင့်မဟုတ်ဘဲ အပြစ်ပေးဒဏ်ခတ်အရေးယူမှု ချက်ချင်းလုပ်ရန် တောင်းဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲသည့် စစ်ရာဇဝတ်မှုကို နိုင်ငံတကာအနေဖြင့် ရှုတ် ချရုံဖြင့်မဟုတ်ဘဲ အပြစ်ပေးဒဏ်ခတ်အရေးယူမှုများ ချက်ချင်းလုပ်ရန် ပြည်တွင်းပြည်ပအဖွဲ့ ၂၀၉ ခုက ယနေ့ ကြေညာတောင်းဆိုလိုက်ကြသည်။

ဒီဇင်ဘာ ၂၈ရက်နေ့ အတုအယောင်ရွေးကောက်ပွဲပြုလုပ်မည့် တရားမဝင်အကြမ်းဖက် စစ်အုပ်စုက ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ​၉ နာရီ ဝန်း ကျင်တွင် ရက္ခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချခဲ့ပြီး ဆေးရုံတည့်တည့်သို့ တစ်လုံး၊ ဆေးရုံအရှေ့သို့ တစ်လုံး ကျရောက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ကျန်းမာရေး ဝန်ထမ်းများ၊ မွေးကင်းစ ၃ လသား အရွယ် ကလေးငယ်အပါအဝင် ဆေးကုသမှုခံယူနေသော အရပ်သား ၃၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် စစ်အုပ်စုအနေဖြင့် အနည်းဆုံး အရပ်သား ၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရစေခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီ ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာကို ဗုံးကြဲတိုက် ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုများအား ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုတွင် ကျုးလွန်နေကြောင်း ထောက်ပြထားသည်။

တရားမဝင် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများရပ်တန့်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် အပြစ်ပေးအရေးယူမှု၊ သေချာစေသော တာဝန်ယူမှု တာဝန်ခံမှုများရှိလာရန် အာဆီယံ (ASEAN)၊ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU) နှင့် နိုင်ငံတကာ အစိုးရများ အနေဖြင့် ရှုံ့ချကန့်ကွက်ကြောင်း စာထုတ်ပြန်ခြင်းသာမပြုလုပ်ဘဲ ထိရောက်သော အပြစ်ပေးဒဏ်ခတ်အရေးယူမှုများ ပြု လုပ်ရမည်ဖြစ်ကြောင်း ပြည်းတွင်းပြည်ပ အဖွဲ့များက အထူးတိုက်တွန်းထားသည်။

နိုင်ငံတကာ မှ လေယာဉ်ဆီများ မြန်မာပြည်တွင်းသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တင်ပို့၊ ရောင်းချ၊ လွဲပြောင်း (သို့) ဖြန့် ဖြူး နေမှုများကို ချက်ချင်း ပိတ်ဆို့ ဖြတ်တောက်ရန်၊ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တွင်ပါဝင်နေသည့် အာဆီယံအပါ အဝင် နိုင်ငံ တကာ ကုမ္ပဏီများ၊ ကော်ပိုရိတ်များ အားလုံးကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် တောင်းဆိုထားသည်။

နိုင်ငံတကာအစိုးရများ၊ အထူးသဖြင့် ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးတွင်ပါဝင်နေသည့် ဆီတင်သင်္ဘောများနှင့် အခြေခံအဆောက်အအုံများ (ဆိပ်ကမ်းများ၊ ဆီသိုလှောင်ကန်များနှင့် ပိုက်လိုင်းများ)အတွက် ရေ ကြောင်း အာမခံဝန်ဆောင်မှုပေးနေခြင်းများကို ပိတ်ဆို့ တားဆီးရန်လည်း တောင်းဆိုသည်။

စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ကျူးလွန်တိုက်ခိုက်နိုင်နေခြင်း သည် အာဏာရှင် မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စသည့် နိုင်ငံများမှ လေ ယာဉ် နှင့် ဗုံးကြဲ တပ်ဆင်သည့် လက်နက် ကိရိယာများ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ် ကြောင်း၊ ထိုသို့ ဝယ်ယူနိုင်ရန် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှ လစဉ် ဓါတ်ငွေ့ ဝင်ငွေများ တရားမဝင် စစ်အုပ်စုကို ဒေါ်လာ သန်းနဲ့ချီ ငွေပေးချေနေမှုများကို ချက်ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။

ထိုပြည်သူ့ ဘဏ္ဍာ ရေနံ ဓါတ်ငွေ့ အခွန်ငွေများကို တရားမဝင် စစ်အုပ်စု ထုတ်ယူသုံးစွဲခွင့်မရှိသည့် အက်စ်ခရိုး အကောင့်တွင် သိမ်းဆည်းရန်၊ အတုအယောင် ရွေးကောက်ပွဲကို ပြည်တွင်းတွင် သေနတ်ထောက် ခြိမ်းခြောက် ဖမ်းဆီးကာ အတင်းအဓမ္မ ပြုလုပ်ရန်ကြိုးစားနေပြီး ရက်စက်ကြမ်းကြုတ်သော နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေရန် နှင့် အရပ်သားပစ်မှတ်များ အပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအစိုးရများ အားလုံးအနေဖြင့် တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရန် ဆက်လက် တောင်းဆိုထားသည်။

စစ်ရာဇဝတ်မှုကျူးလွန်သူ ရာဇဝတ်ကောင်တရားခံမင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်အုပ်စုအား တညီတညွတ်တည်းတော်လှန်နေကြသူများဖြစ်ပြီး မည်သူထိခိုက်နစ်နာသည် ဖြစ်စေအတူခံစားနာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာ ဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း ၂၀၉ ခုက ပူးတွဲ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article