29 C
Yangon

အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်မှု ဒုရဲအုပ်ဇော်ထွန်း အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်ဇော်ထွန်း အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၃၈၀၂ တပ်ရင်း ၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်စခန်းမှ ပေါ်တာဆွဲ ဖမ်းဆီးရန် ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၈၀၂ တပ်ရင်း ၊ တပ်ခွဲ ၄ မှ ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ထိခိုက်ဒဏ်ရာရရှိခဲ့သော ၂ ဦးကို ဆေးရုံ ပို့ဆောင်စဉ် ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ ကိုင်ဆောင်သော လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှုအတွင်းမှာ သေဆုံးတာက ၄ ကောင်ပါ။ ဆေးရုံမှာ ထပ်ပြီး သေဆုံးတာက ၂ ကောင် စုစုပေါင်း ၆ ကောင်သေဆုံးတာပေါ့။ နောက်ပြီး စစ်ခွေးတွေ ကိုင်ဆောင်တဲ့ သေနတ် ၂ လက်လည်း သိမ်းဆည်းရရှိခဲ့တယ်။ တိုက်ခိုက်မှု ပြုလုပ်ပြီး ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အဲကောင်တွေက လွှစင်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချ တပ်စွဲထားတဲ့ကောင်တွေ ကင်းလှည့်သလိုနဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ ထွက်လာတုန်း တိုက်ခိုက်ခဲ့တာပါ” ဟု အမှတ် ၃၈၀၂ တပ်ရင်း ၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article