29 C
Yangon

ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု တိုင်ကြားသော်လည်း ဖြေရှင်းမပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ၏ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဖြေရှင်းပေးရန် ခင်ရီထံသို့ တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း အလိမ်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ဦးလေးဖြစ်သူ ခင်ရီ၏ ခိုင်းစေချက်အရ လုပ်ငန်းရှင်တချို့နှင့် မြောင်းမြအခြေ စိုက်မြို့မြို့မျက်ဖုံးအသိုင်းအ၀ိုင်းထံမှ ငွေကြေးများ ချေးငှားခဲ့ကြောင်း၊ ချေးငှားရာတွင် ချေးယူသည့်ငွေကြေးအတွက် ကားများ ပြန်လည်ပေးအပ်မည်ဟု ဆိုကာ ငွေကျပ် သိန်း ၂၀၀၀ ကျော် ရယူသွားခဲ့ကြောင်း၊ ယင်းနောက် ခင်ရီ၏ တူအရင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါလိမ်လည်မှုအတွက် အလိမ်ခံရသူများက ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီထံသို့ အကြိမ် ကြိမ် စာရေးသားပေးပို့ တိုင်ကြားပြီး ငွေကြေးတောင်းခိုင်းခံခြင်းရှိ၊ မရှိ၊ ဦးခင်ရီ၏ တူအ ရင်းနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးပါရန် တောက်လျှောက် တိုင်ကြားခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက စာကို လက်ခံရယူခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

“အမျိုးလည်းတော်တယ်၊ တူအရင်းဆိုတာကလည်း ဟုတ်တယ်။ ရှင်းရှင်းပြောရရင် ဦးခင်ရီအမျိုးဖြစ်တော့ ဒီဘက်က လူတွေကလည်း ယုံကြည်ပြီး ငွေတွေ ချေးလိုက်ကြတာ။ တကယ်လို့ ဦးခင်ရီက ပတ်သက်မှုမရှိရင်လည်း အမျိုးတော်တယ်၊ ကျနော်ခိုင်းတာမဟုတ်ဘူးဆိုတာမျိုး ဖြေရှင်းပေးဖို့ အကြိမ်ကြိမ်စာရေးတယ်။ ဘာမှ အကြောင်းမပြန်ဘူး” ဟု ငွေအလိမ်ခံရသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီမှာ မြောင်းမြမြို့နယ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ် လောင်းအပတ်စဉ် ၁၇ သို့ တက်ရောက်ခဲ့ကာ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ပြီး ရဲချုပ်၊ ဝန်ကြီးနှင့် ယခု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article