29 C
Yangon

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားပိုင်ဆိုင်သော ကားအကူပစ္စည်းထုတ်စက်ရုံမှ တရားဝင်မြန်မာလုပ်သား ၁၇ ဦး ကြိုတင် အသိမပေးဘဲ အလုပ် ထုတ်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ရှိ တရုတ်နိုင်ငံသားလုပ်ငန်းရှင်ပိုင်ဆိုင်သော ကားအကူပစ္စည်းထုတ်စက်ရုံမှ တရားဝင် မြန်မာလုပ်သား ၁၇ ဦးမှာ ကြိုတင် အသိပေးမှုနှင့် အကြောင်းကြားမှု မရှိဘဲ အလုပ်ထုတ်ခံရကြောင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့မှပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တရားဝင် မြန်မာနိုင်ငံသား အလုပ်သမားများမှာ ကြားခံ အေဂျင်စီတစ်ခု အဆက်အသွယ်ဖြင့် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ် ကြောင်း၊ မြန်မာ အလုပ်သမားများ၏ လုပ်သက် ၅လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး စက်ရုံမှ ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် အလုပ်ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လာမယ့် ၁ လပိုင်းထဲမှာ သူဌေးနဲ့ တွေ့ပြီး ညှိနှိုင်းဖို့ ရှိတယ်။ အလုပ်သမားတွေဘက်က အမှုပြီးဆုံးတဲ့အချိန်အထိ အတူတူဆက်လက်ရပ်တည်သွားပေးမှာပါ”ဟု 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့မှပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလုပ်သမားများ ကြိုတင်မသိရှိဘဲ အလုပ်ထုတ်ခံရမှုအတွက် MHAC အဖွဲ့ထံ အကူညီတောင်းခံလာသည့်အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာနယ်မြေခံ စဝါဒီကန်ရုံး၌ အမှုဖွင့်ဆောင်ရွက်ပေးခြင်းဖြင့် ကူညီဆောင်ရွက်မှုကို စတင်ခဲ့ကြောင်း၊ နစ်နာသူမြန်မာလုပ်သားများနှင့်အတူ ထိုင်းဘုရင့်နိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ ဆုံးရှူံးနစ်နာထားသည်များအပြည့်ဝရရှိသည်အထိ ရပ်တည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ထံမှ သိရှိရသည်။

ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ အလုပ် ထုတ်ခံရခြင်း အပါအဝင် အလုပ် သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ မကြာ ခဏ ကြုံတွေ့နေရပြီး ယင်းသို့ အလုပ်သမားဖိနှိပ်ခံရမှုများကို NUG အပါအဝင် အလုပ် သမားအရေး လှုပ်ရှားသော အဖွဲ့များက ဘက်ပေါင်းစုံမှ အကူအညီပေးနေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article