26 C
Yangon

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းတစ်လျှောက်တွင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ပိုစတာများလိုက်လံစိုက်ထူ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းတစ်လျှောက် ကလေး-တီးတိန်-ရိဒ် တို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဇိုမီးဖက်ဒရယ်အစည်းအရုံး-ZFU နှင့်အတူ တရားမဝင် အတုယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဖော်ဆောင်သည့် ဆိုင်းဘုတ်များကို ဆိုက်ထူခဲ့ကြောင်း သိရှိရသည်။

လွတ်မြောက်ဒေသ စိုးမိုးဒေသများတွင်

စစ်အုပ်စု အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အပြင်းအထန် စစ်ကြောင်းထိုးနေပြီး မြို့ပြနှင့် စစ်တပ် ထိန်းချုပ်ထားသည့် ဒေသမှ ပြည်သူများကို သေနတ်မိုးပြီး အတင်းအကြပ် မဲထည့်ခိုင်းမည်မှာ အသေအချာပင် ဖြစ်ကြောင်း၊ စစ်တပ်စိုးမိုးသည့် ဒေသများမှ ပြည်သူများအနေဖြင့် အတုအယောင် ရွေးကောက်ပွဲကို အလုံခြုံဆုံး ‌နည်းလမ်းများဖြင့် ဆန့်ကျင်ပေးကြရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article