ဒီကနေ့ ဒီဇင်ဘာ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီရဲ့ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီရဲ့ နာမည်သုံးပြီး ငွေကျပ် သိန်း ၂,၀၀၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့သလို အဲံဒီဖြစ်စဉ်အတွက် ဖြေရှင်းပေးဖို့ ခင်ရီဆီကို တိုင်ကြားခဲ့ပေမယ့်လည်း ဖြေရှင်းပေးတာမရှိဘူးလို့ အလိမ်ခံရသူတချို့က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-PPP ကိုယ်စားလှယ်က NLD ပါတီကို စောင်းမြောင်းအပုတ်ချ မဲဆွယ်နေပေမယ့် တဖက်မှာတော့ ကြို့ပင်ကောက်မြို့နယ်မှာ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီတင်ကားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




