31 C
Yangon

ချောင်းဦးမြို့နယ်၊ အမြင့်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၆၀ မမ လက်နက်ကြီး ၅၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၆၀ မမ လက်နက်ကြီးအလုံး ၅၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး အဆောက်အဦး ၁ ခုပျက်စီးခဲ့ကြောင်း Royal Tiger Force ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်နှင့် ည ၈ နာရီခန့်အချိန်တို့တွင် ချောင်းဦးမြို့နယ်၊ အမြင့်ရွာတွင် အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်ဆွဲထာားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး အလုံး ၅၀ ကျော် ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အမြင့်ရွာရှိ စစ်တပ် တပ်စွဲထားသော နေရာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ အဆောက် အဦး ၁ လုံးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက် နက်ကြီး၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိ အခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမြင့်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက် ငွေတောင်းခြင်းများ အပြင် လူငယ်များကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ် ကြောင်း သိရသည်။

“ကျနော်တို့ တိုက်ခိုက်မှုမှာ စစ်ခွေး ၁ ကောင်သေပြီး ၃ ကောင် ဒဏ်ရာရတယ်။ စခန်းထဲမှာရှိတဲ့ အဆောက်အဦး ၁ ခု အမိုးပွင့်ပြီးတော့ ပျက်စီးသွားတယ်။ အဲစခန်း အနီးမှာ စစ်ခွေးတွေက ကင်းပုန်းဝပ်တာတွေ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ငွေတောင်းတွေ လုပ်နေတဲ့ အတွက် ကျနော်တို့ ပြည်သူတွေအနေနဲ့ သူတို့နဲ့ နီးစပ်ရာမှာ မသွားလာကျဖို့နဲ့ စစ်ခွေးတွေနဲ့ အနီးကပ်ဆုံးသွားလာရင် ပြည်သူတွေ ရှိရင် တိုက်ပွဲဖော်ဆောင်ရတာ အခက်အခဲရှိတာပေါ့။ အဲတာကြောင့် စစ်ခွေးတွေ အနီးအနားမသွားကျဖို့ ပြောချင်တာပါ” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နှင့်အတူ မုံရွာခရိုင်ပကဖ လက်ရုံတပ် ၊ မုံရွာခရိုင်အမှတ် ၁၂တပ်ရင်းတပ်ခွဲ (၃)လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်းတပ်ခွဲ ၄ မီးတောက်တပ်ခွဲနှင် မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article