29 C
Yangon

ဝန်းသိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာ လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုမြို့နယ် အခြေစိုက် ခမရ ၁၂၀ တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂကျေးရွာနှင့် အာမခံကျေးရွာ တို့ကို မီးရှို့ ပြီးနောက် ညောင်ပင်သာ ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး သေဆုံးကာ စစ်သား ၇ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့ပြင် လက်နက် ၁၀ လက်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်းမှာ စစ်ခွေး ၇ ကောင် အရှင်ဖမ်းမိပြီးတော့ စစ်ခွေး ၃ ကောင်သေဆုံးတယ်။ အရှင်ဖမ်းမိတဲ့ ၇ ဦးက လက်နက်ခဲယမ်းတွေ ပါတယ်။ ဖမ်းဆီး ရမိတဲ့ စစ်ခွေး ၇ ကောင်ကို အထက်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဘယ်လို အရေးယူမလဲဆိုတာကို ခရိုင်က ဆုံးဖြတ်ပါလိမ့်မယ်။ သိမ်းဆည်းရမိတဲ့ လက်နက်က ၁၀ လက်ကျော်ပါတယ်” ဟု ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင်တပ်ရင်း ၄ ဒုတပ်ရင်းမှူး ငရဲဦးစီးပြီး တပ်ရင်းရဲဘော်များနှင့် ဝန်းသိုမြို့နယ် ပကဖ တိုက်ခိုက်‌ရေးရဲဘော်များ၊ ဒရုန်းအဖွဲ့များပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်တိုင်ကုန်းစစ်တပ် အထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article