25 C
Yangon

တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီး ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ စစ်သုံးဆောင်ပစ္စည်း တချို့ နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း စစ်တပ် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအချိန် ကြာမြင့်လာသည့် အမျှ ခဲယမ်း လုံလောက်မှုမရှိသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာနေရာကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီး၊ စက်တပ်လေထီး ၄ စီး ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အဲ့တိုက်ပွဲက စစ်ခွေး ၆ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရတာ စစ်ခွေး ၄ ကောင်ရှိတယ်။ ကျွန်တော်တို့ အနီးကပ်ကို ဘန်ကာအထဲထိ သေနတ်ပြောင်းထည့်ပြီး ရှင်းခဲ့တာ မျက်မြင် ရဲဘော်တွေလည်းမြင်တယ်။ ကျွန်တော်တို့လည်း မြင်တယ်။ အဲ့စခန်းက အင်အားကတော့ စစ်ခွေးတွေ ထပ်ဖြည့်ထားတာတွေနဲ့ဆိုရင် ၆၀ အထက်မှာပဲ ရှိတယ်။ ခွေးစခန်းမှာက ပစ ကတော့ တစ်ဝက်လောက်ရှိတယ်။ စစ်ခွေးဘက်က သိမ်းဆည်းရမိတာကတော့ ယူနီဖောင်း တချို့ရယ် ဦးထုပ် တချို့ရယ် ခဲယမ်းလေး နည်းနည်းပါးပါးလေးပဲရတယ်။ စစ်ခွေးတွေက သေနတ်တွေယူပြီး ထွက်ပြေးသွားလို့ လက်နက်တော့ မရလိုက်ဘူး။ ကိုယ့်ရဲဘော်တွေလည်း တစ်ယောက်က ကျသွားတယ်။ စခန်းအပေါက်၀မှာ ကျသွားတယ်။ ၄ ယောက်က မစိုးရိမ်ရ ထိခိုက်မိတာတွေရှိတယ်။ စစ်ခွေးတွေဘက်က လေကြောင်း ပစ်ကူလာတော့ ကျွန်တော်တို့ အချိန်မီ ပြန်ဆုတ်နိုင်ခဲ့တာပါ” ဟု မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုန်း Droneတပ်ဖွဲ့နှင့်အတူ မဟာမိတ် အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article