21 C
Yangon

စစ်တပ်၏ထိပ်ပိုင်း ဗိုလ်ချုပ်များမှစတင်၍ အောက်ခြေ ရပ်/ကျေးအဆင့်ဝန်ထမ်းများအထိ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးထားရန် လျှို့ဝှက် အမိန့်ဖြင့် စေခိုင်း၊ စစ်တပ်နှင့် အဆင်ပြေသော ကြံ့ဖွတ်ပါတီကိုသာ ကြိုတင်မဲပေးခိုင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

အကြမ်းဖက်စစ်တပ်၏ထိပ်ပိုင်း ဗိုလ်ချုပ်များမှစတင်၍ အောက်ခြေ ရပ်/ကျေးအဆင့် Non-CDM ဝန်ထမ်းများအထိ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးထားရန် စစ်ကော်မရှင်က လျှို့ဝှက် အမိန့် ထုတ်ပြန်စေခိုင်းထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးဌာနနှင့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းအစိုးရများ၊ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ အသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ တဝန်ထမ်းဆောင်မည့်သူများကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့ အထိ လည်း ကောင်း၊ ရွေးကောက်ပွဲနေ့ မအားလပ်သူများ၊ နေထိုင်မကောင်းသော သာမန်ပြည်သူများကို ဒီဇင်ဘာလ ၂၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၇ ရက်နေ့များတွင် လည်းကောင်း ကြိုတင်မဲများ ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲအပိုင်း ၂ အတွက် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးဌာနနှင့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းအစိုးရများ၊ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ အသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ တဝန်ထမ်းဆောင်မည့်သူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့ အထိလည်းကောင်း ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း၊ ရွေး ကောက် ပွဲ အပိုင်း ၂ အတွက် မအားလပ်သူများနှင့် အသက်ကြီးရင့်နေသူများ၊ နေထိုင် မကောင်းသော ပြည်သူများကို ဇန်နဝါရီလ ၉ ရက်နေ့နှင့် ဇန်နဝါရီလ ၁၀ ရက်နေ့တို့တွင်လည်း ကောင်း ကြိုတင်မဲပေးခိုင်းထားကြောင်း သိရှိရသည်။

“ဝန်ထမ်းတွေအကုန်လုံးကတော့ တာဝန်ထမ်းဆောင်မယ့်သူ၊ ခရီးသွားမယ့်သူတွေက အ ကုန် ကြိုတင်မဲပေးခိုင်းတယ်။ မဲပေးခိုင်းတာလည်း တပ်မတော်နဲ့ အဆင်ပြေတဲ့သူကိုပဲ ပေး ရမယ်ဆိုပြီး ပြောတော့ ကြံ့ခိုင်ရေးပဲ ပေးရတယ်။ ရွေးကောက်ပွဲနေ့ ရုံးထိုင် ကျန်ခဲ့မယ့် သူတွေကတော့ ရွေးကောက်ပွဲနေ့ကျမှ သွားပေးရမယ်။ ကြိုတင်မဲပဲဖြစ်ဖြစ်၊ ရွေး ကောက်ပွဲနေ့ မဲပေးတာပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီကိုပဲ ပေးခိုင်းပါတယ်” ဟု နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ရှင်းပြသည်။

ရွေးကောက်ပွဲအတွက် မဲပေးရန်ဟုဆိုကာ လမ်းညွှန်ချက် စာရွက်များကိုလည်း နေပြည် တော် ဝန်ကြီးဌာနများတွင် ဖြန့်ဝေလျက်ရှိပြီး ယင်းလမ်းညွှန်ချက်ဆိုသည်မှာ မင်းအောင် လှိုင်နှင့် စိုးဝင်းတို့၏ မှာကြားချက်ဖြစ်သော တပ်မတော်နှင့်အဆင်ပြေသူ၊ ဒို့တာဝန်အရေးသုံးပါး လိုက်နာသူနှင့် လုံခြုံရေး အမြင်ရှိသူကိုသာ မဲပေးရန်ဆိုသော ပြောကြားချက်ကို မဲပေးရေး လမ်းညွှန်ချက်အဖြစ် ဝန်ကြီးဌာနများတွင် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article