25 C
Yangon

မကွေးတွင် ရွေးကောက်ပွဲနေ့ မဲမပေးသူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသော ရပ်/ကျေးစာရေး အောင်ကြိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မကွေးတိုင်း၊ မကွေးမြို့နယ်တွင် ရွေးကောက်ပွဲကို လာရောက်မဲမပေးသူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသော ရပ်/ကျေးစာရေး အောင်ကြိုင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း မကွေး-တောင်တွင်းကြီး အထူး‌ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ညပိုင်း မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ်‌ ဒေါက်တိုင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး အောင်ကြိုင်ကို တော်လှန်ရေး ရဲဘော်များက ၎င်းနေအိမ်အတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသော ရပ်ကျေးစာရေး အောင်ကြိုင်က စစ်မှုထမ်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် အတုအယောင် တရားမဝင် ရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အဓိကထား လုပ်ကိုင်ဆောင်ရွက်နေခြင်း၊ ကျေးရွာပြည်သူများကို ရွေးကောက်ပွဲတွင် လာရောက် မဲမပေးပါက ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်း ခြောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“သူက စစ်ခွေးစစ်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အားကြိုးမာန်တက် လုပ်ဆောင်နေတာတွေ အပြင်ကို ရွေးကောက်ပွဲမဲမပေးရင်လည်း ပြည်သူတွေကို ပေါ်တာဆွဲမယ်လို့လည်း ခြိမ်းခြောက်တယ်။ နောက်ပြီး စစ်မှုထမ်းကြေးဆိုရင်လည်း လစဉ်ကို ရွာတွေမှာ အတင်းအဓမ္မ လိုက်လံကောက်ခံနေတာတွေကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု မကွေး-တောင်တွင်းကြီး အထူး‌ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေး-တောင်တွင်းကြီး အထူး‌ပြောက်ကျားတပ်ဖွဲ့နှင့် နဂါးမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်သတင်းပေး ဒလန်များ၊ ပျူစောထီးများ၊ စစ်တပ်အားကိုးဖြင့် ကျေးရွာနေ ပြည်သူများထံမှ အတင်းအဓမ္မငွေကြေးကောက်ခံခြင်းနှင့် စစ်တပ်မှ ပြုလုပ်သော အတုအယောင်ရွှေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အချိန်မရွေး ဆက် လက် အရေးယူသွားမည်ဖြစ်ကြောင်း မကွေး-တောင်တွင်းကြီး အထူး‌ ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက သတိပေးပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article