33 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၂ ဦး သေဆုံးပြီး ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Democratic Army – PDA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးလည်း MA-4 အမျိုးအစား သေနတ် ၁ လက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်းသည် ကျေးရွာများ အတွင်း ဆက်လက် စစ်ကြောင်းထိုးနေသောကြောင့် ဒီဇင်ဘာလ ၁၀ ရက်၊ ၁၆ ရက်နှင့် ၂၀ ရက်နေ့ အထိ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးထက်မနည်း ရှိကြောင်း သိရှိရသည်။

ထို့ပြင် ထိတွေ့ တိုက်ပွဲများအတွင်း ပေါက်​မြို့နယ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနှင့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF) မှ ရဲဘော် ၁ ဦး​ မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ပြည်သူ့တော်လှန်ရေး ရဲဘော် ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲအတွင်း လက်နက် သိမ်းဆည်းရမိတာ​တော့ မရှိပါဘူး။ ယခု ထိ​တွေ့မှုဖြစ်ပွားခဲ့​သော ရန်သူ့စစ်​ကြောင်းဟာ နယ်​မြေအတွင်းမှ ထွက်ခွာသွားတာ မရှိ​သေးတာ ဖြစ်တဲ့အတွက် နီးစပ်ရာ ပြည်သူများ အထူးဂရုစိုက်ကြဖို့ပါ၊ ကျ​​နော်တို့ ပြည်သူ့ဒီမိုကရက်တစ်တပ်​​တော် အ​နေဖြင့်လည်း မဟာမိတ်တပ်ဖွဲ့များနှင့် ပူး​ပေါင်းကာ ရန်သူအား အစွမ်းကုန် တိုက်ထုတ်သွားမှာဖြစ်ပါတယ်” ဟု People’s Democratic Army – PDA အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်​တော်(PDA) အပါဝင် ပြည်သူ့​တော်လှန်​ရေးတပ်ဦး(PRF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပခုက္ကူ) (BORDERLESS)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrilla Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊ မြိုင် (ပကဖ)၊ BLY​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်များကို ခြိမ်းခြောက်လုယူ ဖျက်ဆီးလျက်ရှိသော အကြမ်းဖက် စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ အဖိနှိပ်ခံ ပြည်သူထုအကျိုးစီးပွားအတွက် ကာကွယ်လျက်ရှိကြောင်း People’s Democratic Army – PDA အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article