24 C
Yangon

ရေဖြူမြို့နယ်၊ ညင်းထွေးရွာတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ အသက် ၃ လ အရွယ် ကလေးငယ် ၁ ဦး အပါဝင် ပြည်သူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

တနင်္သာတိုင်း၊ ရေဖြူမြို့နယ်၊ ညင်းထွေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ အသက် ၃ လ အရွယ် ကလေးငယ် ၁ ဦး အပါဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ်၊ ညင်းထွေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၅၀ ဝန်းကျင်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်သည် ညင်းထွေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၃၀ နှစ် အရွယ် အမျိုးသမီး ၁ ဦးနှင့် ၃ လသား ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ညင်းထွေးရွာမှာ တိုက်ပွဲဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တယ်။ စစ်ခွေးဘက်က လက်နက်ကြီးနဲ့ ပစ်လို့ အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦးနဲ့ ၃ လသားအရွယ် သူ့ကလေး အပါအဝင် ၂ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကလည်း မိသားစုဝင်တွေ ညင်းထွေးရွာ ဝိပဿနာ ဘုန်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ အင်းအား ၅၀ ရှိတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ကြတာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ တိုက်ပွဲက ဒီနေ့ နံနက် ၇ နာရီမှာ လက်နက်ကြီးသံတွေ စကြာပြီး ထိတွေ့မှု ဖြစ်တာလို့ သိရတယ်။ စစ်ခွေးသေစာရင်းကတော့ မသိရဘူး။ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article