စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့မရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော မြောက်မြို့မ ရဲစခန်းကို တော်လှန်တပ်ဖွဲများက ၆၀ မမ လက်နက်ကြီးများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့ပြင် ရဲ ၁ ဦးလည်း တော်လှန်ရေး တပ်ဖွဲ့များကို ၄၀ မမ ဗုံးဖြင့် ပြန်လည် ပစ်ခတ်စဉ် ပြောင်းကွဲပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
“ဒီဇင်ဘာလ ၂၄ ရက်နေ့က မြောင်မြို့အလယ်လောက်မှာရှိတဲ့ မြောင်မြို့မရဲစခန်းမှာ အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ခွေးစခန်းကို တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ၂ ဦး ထိခိုက် ဒဏ်ရာရသွာပြီး ၁ ဦးလည်း ပြင်းထန်း ဒဏ်ရာရရှိသွားတယ်။ စစ်ခွေး ၁ ဦးက ကျွန်တော်တို့ ပစ်လိုက်တဲ့ ၆၀ မမ နဲ့ လက်နက်ငယ် ထိမှန်ပြီး ဒဏ်ရာရသွားတယ်။ ရဲခွေး ၁ ကောက်တော့ MA-4 အောက်တွဲ ၄၀ မမ ပြောင်းကွဲပြီး အပြင်းအထန် ဒဏ်ရာရသွားတယ်။ တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ပါတယ်” ဟု T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဗိုလ်တိုက်ဂါး ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ ၊ စစ်ကိုင်းခရိုင် ထုတ်လုပ်ရေးဌာန ၊ မြောင်မြို့ မြို့မ တိုက်နယ်ပကဖ ကိုဝေလင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။




