22 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်တပ်၏ ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သံပြားကာ ကား ၁ စီးပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ရိက္ခာယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သံပြားကာ ကား ၁ စီးပျက်စီးသွားကြောင်း The Pentagram-ငါးထောင့်ကြယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော သံပြားကာကားများနှင့် ရိက္ခာကားများ ပါဝင်သော အစီး ၂၀ ပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မန္တလေး-မုံရွာ လမ်းပိုင်းရှိ ရေပိုးစားရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ၄ စီးမြောက် သံပြာကာ ကားမှာ ဘီးများပေါက်ပြဲပြီး ပျက်စီးသွားကြောင်း သိရသည်။

“စစ်ခွေး ခန့်မှန် အင်အားက ကားတန်းမှာ ၁၀၀ လောက်တော့ရှိပါလိမ့်မယ်။ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ ထွက်ခွာလာတဲ့ ကားအစီး ၂၀ ပါ ယာဉ်တန်းက တင်ဆောင်လာတဲ့ ရိက္ခာကားတွေပါ။ သူတို့သွားမှာက နမခကို သွားမှာပါ။ လောလောဆယ် မျက်မြင်အရ ကားဘီး ဆုတ်ပြတ်ပြီး ရပ်သွားတာလောက်ပဲ အတည်ပြုနိုင်ပါတယ်။ အထိအခိုက်က ချက်ခြင်းမသိနိုင်သေးပါဘူး။ အခြေအနေအရပါ။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်ပါတယ်။ အတည်ပြုလို့တော့ မရနိုင်သေးပါဘူး။ ၄ စီးမြောက် သံပြာကာကားကို ထိတာပါ” ဟု The Pentagram-ငါးထောင့်ကြယ် အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို PENTAGRAM.LPDF ၊ နွေဦးလူငယ်LPDFအဖွဲ့ ၊ YOUTH VIGOR REVLUTION FORCEအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article