27 C
Yangon

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို မလေးရှားရောက် မြန်မာ့အရေး လှုပ်ရှားနေသော အဖွဲ့များက ကန့်ကွက်ရှုတ်ချ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မြန်မာအကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို မလေးရှားရောက် မြန်မာ့အရေး လှုပ်ရှားနေသော အဖွဲ့များက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ကြသည်။

မလေးရှားအခြေစိုက် မြန်မာအရေးတက်ကြွလှုပ်ရှားသောအဖွဲ့များ ဖြစ်သည့် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့၏ အဖွဲ့ဝင် အဖွဲ့အစည်း (COBEM) နှင့် မြန်မာအရေးမဟာမိတ်များအဖွဲ့ (MAA) တို့က ဦးဆောင်ပြီး စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို တရားဝင်မှုမရှိသော လုပ်ရပ်အဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် နိုင်ငံရေးလှည့်ကွက်တစ်ခုဖြစ်ကြောင်း ၊ စစ်ကော်မရှငုမှာ တရားဝင်မှု မရှိဘဲ လူထုအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသော အဖွဲ့အစည်းဖြစ်ကြောင်း ထောက်ပြထားသည်။

ယင်းအပြင် လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထားခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အသက်သွင်းပြီး တိုင်းရင်းသားများ၏ လိုလားချက်ကို မျက်ကွယ်ပြုနေခြင်း တို့ စစ်တပ်က ဆက်လက်လုပ်ဆောင်နေကြောင်း ဝေဖန်ထောက်ပြထားသည်။

ထို့ကြောင့် အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအသုံးပြု၍ နိုင်ငံရေးအာဏာ ရယူရန်ကြိုးပမ်းနေမှုကို ပယ်ချရန်၊ ရွေးကောက် ပွဲစောင့်ကြည့်ရေးအဖွဲ့များစေလွှတ်ခြင်း (သို့) ထောက်ခံခြင်း မပြုလုပ်ရန်၊ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ပြီး လူထုနှင့်အတူရပ် တည်ကြောင်းပြသရန်၊နိုင်ငံတကာနှင့်အာဆီယံအဖွဲ့များအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန်၊ သံတမန်ရေးအပါ အဝင် ထိတွေ့ဆက်ဆံမှုများ ရပ်ဆိုင်းထားရန်၊ နိုင်ငံတကာစင်မြင့်ကို အသုံးပြု၍ တရားဝင်မှုဖန်တီးယူခြင်းမှ စစ်ကော်မရှင်ကိုတားဆီးရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသော အဖွဲ့များက တိုက်တွန်းထားသည်။��

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချမှုတွင် မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့၏ အဖွဲ့ဝင် ကွန်မြူနတီများ (Coalition of Burma Ethnics Malaysia-COBEM)နှင့် မြန်မာအရေးမဟာမိတ်အဖွဲ့ (Myanmar Affairs Alliance- MAA) တို့က တက်ကြွစွာ ပူးပေါင်းပါဝင် ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article