ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ အကြမ်းဖက် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်နဲ့အတူအာဏာသိမ်းမှု ဖြစ်စဉ်အတွင်း နိုင်ငံတော်သစ္စာဖောက်မှု တရားခံအဖြစ် အဓိက ပါဝင်နေတဲ့ ကြံ့ဖွတ် ခင်ရီက အရင်အရပ်သားအစိုးရ NLD ခေတ်ကို ရည်ညွှန်းပြီး အတိတ်ကာလ ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ပြင်ဆင်မရတော့ဘူးလို့ ပြောဆိုသွားပြန်တဲ့အပြင် နိုင်ငံတည်သရွေ့ ကြံ့ဖွတ်ပါတီမှတစ်ပါး အခြားမရှိဘူးဆိုပြီးတော့ပါ ကြုံးဝါးသွားပြန်ပါတယ်။
-အကြမ်းဖက် စစ်တပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် မဲမပေးရင် ဖမ်းဆီးထောင်ချ ပစ်မယ်ဆိုပြီး မဲစာရင်း လိုက်ဝေတဲ့အချိန် စစ်တပ်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
-ကရင်ပြည်နယ် ၊ ဘားအံမြို့မှာ တပ်ပိုင်ဂိတ်ဖွင့်ပြီး ဆက်ကြေး၊ ဂိတ်ကြေးငွေတွေ အကြီးအကျယ် တောင်းခံနေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင် ဆိုသူကို စစ်တပ်ကပဲ သူတို့အချင်းချင်း ပြန်လည်ဖမ်းဆီးလိုက်ပြီး ရာထူးကနေ ဖယ်ရှားလိုက်ရုံတင်မက စစ်ဆေးမှုတွေပါ လုပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




