25 C
Yangon

မြဝတီမြို့ ကြံ့ဖွတ်ပါတီရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး ထိခိုက် ပျက်စီးမှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့ ကြံ့ဖွတ်ပါတီရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကြံ့ဖွတ်ပါတီရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး မီးခိုးလုံးများ ထွက်လာသည်ကို တွေ့မြင်ရကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ဗုံးသီးသည် ရုံးဖွတ်ပါတီရုံးပေါ် ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိကာ အကြမ်းဖက် စစ်သားများ ရောက်ရှိနေသောကြောင့် ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“မြဝတီမှာ အခုည အမှတ် ၄ ရပ်ကွက် ကြံ့ဖွတ်ပါတီရုံး ဗုံး ၂ လုံးကျရောက် ပေါက်ကွဲတယ်။ ဒရုန်းဗုံး ကျဲတာလို့ သိရတယ်။ အသံတော်တော်ကိုကျယ်တယ်။ ပြည်သူတွေလည်း ပျော်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article