31 C
Yangon

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းအလိုမှ ရွေးကောက်ပွဲ မကျင်းပမည့် မြို့နယ် ၉ ခု ကို ထပ်တိုးကြေညာ၊ ရွေးကောက်ပွဲ မလုပ်သည့် စုစုပေါင်းမြို့နယ်ပေါင်း ၆၅ ခုအထိ ရှိလာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းအလိုမှ ရွေးကောက်ပွဲ မကျင်းပမည့် မြို့နယ် ၉ ခု စာရင်းကို ထပ်မံ ကြေညာသည်။

ယမန်နေ့ညပိုင်း စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ် ၂၀ စာရင်းကို ထပ်မံ ကြေညာလာခြင်းဖြစ်ပြီး ယင်းမြို့နယ်များတွင် ချင်းပြည်နယ်ရှိ မြို့နယ် ၃ ခု၊ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂ ခု နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း စစ်တပ်က ကြေညာသည်။

ရွေးကောက်ပွဲ မကျင်းပမည့် မြို့နယ်များမှာ ချင်းပြည်နယ်တွင် တွန်းဇံမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် ထန်တလန်မြို့နယ်၊ စစ်ကိုင်း တိုင်းတွင် ကောလင်းမြို့နယ်နှင့်ဗန်းမောက်မြို့နယ်၊ ရခိုင်ပြည်နယ်တွင် အမ်းမြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၅၆ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ဟု မူလက ကြေညာခဲ့ပြီးနောက် ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုတွင် မြို့နယ် ၉ ခု ထပ်မံတိုးလိုက်ရာ မြို့နယ်ပေါင်း ၆၅ မြို့နယ်တွင် ရွေး ကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း စစ်တပ်က တရားဝင် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့နံနက်ပိုင်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော မဲရုံတစ်ခုကို မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article